The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စက်မှုဇုန်များသို့ အဓိက ဓာတ်အားဖြန့်ဖြူးပေးနေသော ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၂၄)ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄) လမ်းမကို (၈)လမ်းသွား လမ်းမကြီး အဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ် ကင်းသော ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း ဆောင်ရွက် ပြီးစီးနေမှု၊ လက်ရှိပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်သွယ်ရေး ဖိုက်ဘာ ကေဘယ်လိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု၊  အနော်ရထာစက်မှုဇုန် ဧရာဝတီလမ်းမကြီးပေါ်ရှိ ရှုပ်ထွေးဓာတ်အားလိုင်းကြိုးများ ရှင်းလင်းပြီးစီးမှုနှင့်စက်မှုဇုန်များသို့ အဓိက ဓာတ်အားဖြန့်ဖြူးပေးနေသော ၂၃၀ ကေ‌ဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏  ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Dec-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တောင်ငူမြို့၊ မြို့ရှောင်ရထားလမ်းဖောက်လုပ်ခြင်းနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသော လျှပ်စစ်ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေ၊ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းနှင့် ၂၃၀ ကေဗွီ မြောင်းတကာ ပင်မဓာတ်အားခွဲရုံမှ မြောင်းတကာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှု မရှိသည့် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံမှ မြောင်းတကာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို သွား‌ရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Dec-2025
 မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားပြန်လည်ရရှိရေးအတွက် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား သတင်းထုတ်ပြန်ခြင်း
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Dec-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန် Modular House အဆောက်အဦများ ဆောက်လုပ်ခြင်း အပြီးသတ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော် ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ပြန်လည်ပြုပြုင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေရာချထားရာ နေရာများမှ  ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေ လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ၂၀ ပေ x ၁၂၀ ပေ အရွယ်အစားရှိ Modular House (၂)ထပ် အဆောက်အဦ (၁၀)လုံး ဆောက်လုပ်ခြင်း အပြီးသတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Dec-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဦးစီအရာရှိများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဦးစီးအရာရှိများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပေါင်းလောင်း)၊ မိုးဗြဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Dec-2025