MINISTRY OF ELECTRIC POWER

Breaking News :

Articles


လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာဝယ်
အငြိမ်းစားဘဝ အလုပ်ဌာနတွင် နှစ်ရှည်လများ လုပ်ကိုင်နေထိုင်မှု သံယောဇဉ်ကား မသေးလှပါ....လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူး ရာထူးဖြင့် ၂၀၀၉ ခုနှစ်တွင် သက်ပြည့် အငြိမ်းစား ယူခဲ့ပါသည်....အငြိမ်းစားဘဝ အလုပ်သံယောဇဉ်၏ ချည်နှောင်မှုမှ ရုန်းမထွက်နိုင်.... တီဗွီ...ရေဒီယို....သတင်းစာ...ဂျာနယ်များတွင် လျှပ်စစ်ဌာနနှင့် ပတ်သက်ရာများ ပါရှိပါက ဂရုတစိုက် နားထောင် ဖတ်ရှုမိ၏...... ယခုတစ်လော...... လွှတ်တော်တွင် ဆွေးနွေးချက်များ.....ဂျာနယ်များတွင် ရေးသားချက်များသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းများ အပေါ် ဝေဖန်ပြောဆိုမှု အမျိုးမျိုးဖြစ်ပေါ်နေသည်ကို တွေ့ရှိနေရသည့် အတွက် ဌာနရှိ မိမိ လုပ်ဖော် ကိုင်ဖက် တစ်ဦးထံ ဆက်သွယ်မေးမြန်းချက်များကို ပြည်သူသိရှိစေရန် ဖော်ပြခြင်း ဖြစ်ပါသည်.....


Read More...

: 03-Jan-2018
မီတာ ထိန်းသိမ်းစောင့်ရှောက်ခ(သို့မဟုတ်)ဝန်ဆောင်ခ
လျှပ်စစ်မီတာများ လစဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံမှုနှင့် ပတ်သက်၍ မလိုအပ်ဘဲ ပေးဆောင်နေရကြောင်း၊ အိမ်သုံးမီတာ တစ်လုံးတွင် တစ်လ ၁၀၀ဝိ/- ကျပ် ပေးနေရမှုနှင့် ပတ်သက်၍ ပြောဆိုနေမှုများရှိပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသည် ၁၉၅၁ ခုနှစ် ရန်ကုန်မြို့ မီးစတင် ပေးစကပင် စတင်ခဲ့ပါသည်။ လျှပ်စစ်မီတာသည် ရောင်းချခြင်း မဟုတ်ဘဲ ငှားရမ်းပေးသည့် သဘောဖြစ်သည့်အတွက် နိုင်ငံတကာတွင် Rent Fee အနေဖြင့် ကောက်ခံ ခဲ့ကြပါသည်။ အိမ်ရှင် အမည်ပေါက်ပေးပြီး နေရာပြောင်းခြင်း၊ ရောင်းချခြင်း ဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် ဓာတ်အားတစ်ယူနစ်အတွက် ကုန်ကျငွေ နှင့် ကိုက်ညီအောင် ရောင်းချလျက်ရှိသော နိုင်ငံများ၌ပင် မီတာ တစ်လုံးအတွက် လစဉ် ပုံသေ ပေးဆောင်ရသည့် Rent Fee ကို ကောက်ခံ ပေးလေ့ရှိပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် မီတာတစ်လုံးလျှင် Fixed Prize အနေဖြင့် ရူပီ ၄၅၀ (၆၈၅ဝိ/-ကျပ်) ကောက်ခံမှု ပါဝင်ပါသည်။ ပုဂ္ဂလိက၊ အစိုးရဌာနများက ဝန်ဆောင်မှုပေးသော အခြားလုပ်ငန်းများတွင် လည်း လစဉ် သတ်မှတ်ကြေးများ ပေးဆောင်ကြရပါသည်။ ယခု မီတာ ပြေစာများတွင် Rent Fee အခေါ်အဝေါ်အစား မီးသုံးစွဲသူများအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက် ပေးနေရမှု နှင့် ကိုက်ညီသော မီတာထိန်းသိမ်းစောင့်ရှောက်ခ အနေဖြင့် ရေးသားကောက်ခံခြင်း ဖြစ်သော ဝန်ဆောင်မှု စရိတ်ဖြစ်ပါသည်။ မီတာထိန်းသိမ်းစောင့်ရှောက်ခသည် မီးသုံးသူများ နေအိမ် ရှိ မီတာများ ထိန်းသိမ်းစောင့်ရှောက် ခြင်းအတွက် တောင်းခံခြင်း မဟုတ်ပါ။ ဓာတ်အားစတင် ထုတ်လုပ်သည့် စက်ရုံမှ မီးသုံးသူများအိမ် အထိ ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းများ၊ ခွဲရုံများ စသည်တို့ကို ထိန်းသိမ်း ဆောင်ရွက်ပေး နေရသည့် ဝန်ဆောင်စရိတ်အချို့ ကာမိစေရန် ကောက်ခံခြင်း ဖြစ်ပါသည်။


Read More...

: 03-Jan-2018
ဓာတ်အားခ နှုန်းထား ပြင်ဆင်ကောက်ခံခြင်းနှင့် ပတ်သက်၍
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုမှစ၍ ပြုပြင်ကောက်ခံမည့် ဓာတ်အားခ စနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုသော အလွှာစနစ်ဖြင့် ကောက်ခံခြင်း ဖြစ်ပါသည်။အခြေခံ သုံးစွဲသူများနှင့် အသေးစား စက်မှုလုပ်ငန်းရှင်များ အတွက် သက်သာမှု ရှိအောင် ဆောင်ရွက် ပေးထားပါ သည်။ အစိုးရဌာနများအတွက် ရုံးသုံးမီတာ တစ်ယူနစ် ၅၀ ကျပ်၊ စက်မှုသုံး တစ်ယူနစ် ၁၀၀ ကျပ်၊ အများပြည်သူတို့အတွက် အိမ်သုံးမီတာ ၁၀၀ ယူနစ်အထိကို တစ်ယူနစ် ၃၅ ကျပ်၊ ၁၀၀ ယူနစ် ကျော်သွားပါက ကျော်လွန်သည့် ယူနစ်များအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အများပြည်သူ (စက်မှုသုံး၊ တစ်လုံးတစ်ခဲ တည်းသုံး၊ ယာယီမီး)များအတွက် ၅၀၀၀ ယူနစ်အထိ တစ်ယူနစ်လျှင် ၁၀၀ ကျပ်၊ ၅၀၀၀ ယူနစ်ကျော်သွားပါက ကျော်လွန်သည့် ယူနစ်များ အတွက် တစ်ယူနစ် ၁၅၀ ကျပ် ကောက်ခံသွားမည် ဖြစ်ပါသည်။


Read More...

: 03-Jan-2018
လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု
နိုင်ငံတကာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ကဏ္ဍသည် အဓိက အရေးပါသော အချက်တစ်ချက် အဖြစ်ပါဝင်နေပါသည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ပြည်သူများ၏ သုံးစွဲမှု လိုအပ်ချက် ဖြည့်ဆည်းပေးရေး၊ အခြေခံအားဖြင့် ဒုတိယအဆင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး နှင့် တတိယအဆင့် အနေဖြင့် ပိုမို ထုတ်လုပ်သော လျှပ်စစ် ဓာတ်အားကို ပြည်ပနိုင်ငံများသို့ ဆက်သွယ်ရောင်းချသော လျှပ်စစ်ကုန်သွယ်မှုအဆင့် ဖြစ်ပါသည်။ စွမ်းအင် အရင်းအမြစ် ပေါများပြီး ရင်းနှီးမြှုပ်နှံမှု ကောင်းသော နိုင်ငံများသည် တတိယအဆင့် လျှပ်စစ်ကုန်သွယ်မှုကို ဆောင်ရွက်လျက်ရှိကြပါသည်။ဥပမာအားဖြင့် နော်ဝေနိုင်ငံ၊ ဘူတန်နိုင်ငံ သည် ရေအားလျှပ်စစ်ပေါများကြွယ်ဝမူပေါ် မူတည်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရေအား လျှပ်စစ်ဓာတ်အားများစွာ ထုတ်လုပ်လျက်ရှိ၍ ပြည်ပနိုင်ငံများသို့ ဓာတ်အားလိုင်းများဖြင့် ချိတ်ဆက် ရောင်းချမှုဖြင့် နိုင်ငံ၏ အဓိကဝင်ငွေ အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။


Read More...

: 03-Jan-2018
လျှပ်စစ်ဓာတ်အားသုံးစွဲသူ နှင့်စည်းကမ်းလိုက်နာမှု
လူ့အဖွဲ့အစည်း ရပ်တည်နိုင်မှု၊ လူတစ်ဦး၏ ဘဝတစ်လျှောက် ရပ်တည်နိုင်မှုများသည် စည်းကမ်း သတ်မှတ်ချက်များအတွင်း လိုက်နာဆောင်ရွက်ကြမှသာ ဘေးရန်ကင်းကွာစွာဖြင့် ရပ်တည်နိုင်ကြမည် ဖြစ်ပါသည်။ စည်းကမ်း သတ်မှတ်ချက်များတွင် နိုင်ငံသားတစ်ယောက် လိုက်နာရန်၊ ရပ်ကွက်အတွင်း နေထိုင်သူများ လိုက်နာရန်၊ မိသားစုအတွင်း လိုက်နာရန်၊ ယာဉ်မောင်းသူများ လိုက်နာရန်၊ ကျောင်းသား/ ကျောင်းသူများ လိုက်နာရန်၊ ဝန်ထမ်းများ လိုက်နာရန် စသည်ဖြင့်သတ်မှတ်ထုတ်ပြန် ထားကြပါသည်။ စည်းကမ်းချက်များ သတ်မှတ်ခြင်းသည် လုပ်ငန်းပိုင်ဆိုင်ရာ ထိန်းသိမ်းမှု လိုအပ်ချက်နှင့်သက်ဆိုင်သူများ အန္တရာယ်ကင်းစေရန် အချက်များလည်း ပါဝင်ပါသည်။ ဥပမာအားဖြင့်ဆိုင်ကယ်စီးလျှင် ဦးထုပ် မဆောင်းပါက ဒဏ်ငွေရိုက်မည်ဆိုသော စည်းကမ်းချက်သည် ဆိုင်ကယ်စီးသူ များ အန္တရာယ် ကင်းရှင်းစေရန်အတွက် ဖြစ်ပါသည်။ သစ်ပင်မခုတ်ရ၊ ယာဉ်များ တံတားပေါ်တွင် သတ်မှတ်ဝန်အားထက် ပိုတင်၍ မဖြတ်ရ စသည့် စည်းကမ်းချက်များသည် အများပြည်သူအကျိုး နှင့် ပြည်သူပိုင် ပစ္စည်း ကာကွယ်ရန် အတွက် ထုတ်ပြန်ထားသော တားမြစ်ချက်များပင် ဖြစ်ပါသည်။


Read More...

: 03-Jan-2018