The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း ကုက္ကဲကျေးရွာအပါအဝင် ကျေးရွာ ၅၈ ရွာ လျှပ်စစ်ဓာတ်အားပို့လွှတ်

       

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း ကုက္ကဲကျေးရွာအပါ အဝင် ကျေးရွာ ၅၈ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မန္တလေး-မြို့သာစက်မှုဥယျာဉ် တည်ဆောက်ရေး စီမံကိန်း၏ ကုန်ကျစရိတ်ဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃.၄ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကုက္ကဲဓာတ်အားခွဲရုံတို့အား (၄-၁၂-၂၀၁၈)ရက်နေ့တွင် တည်ဆောက်ပြီး ဖြစ်ရာ ကုက္ကဲဒေသမီးလင်းရန် လျာထားကျေးရွာ (၅၈) ရွာအနက်မှ စုစုပေါင်းကျေးရွာ (၃၅) ရွာနှင့် ယုန်ထိုးတိုက်နယ်ဆေးရုံ (၁) ရုံတို့ကို (၁၃-၁၂-၂၀၁၈) ရက်နေ့တွင် ဓာတ်အားပို့လွှတ် သုံးစွဲ စေခဲ့ပြီး ကျန်ရှိသော ကျေးရွာ (၂၃) ရွာတို့ကို အမြန်ဆုံးလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
28-Dec-2018