The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ ပူးပေါင်း၍ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ

စီမံကိန်း၏သတင်းအမှတ်စဉ်(၃)

 

ခေါင်းစဉ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှအင်ဂျင်နီယာများအတွက်ဂျပန်နိုင်ငံတွင်ကျင်းပသော        အလုပ်ရုံဆွေးနွေးပွဲ

 

၂၀၁၇ခုနှစ်၊ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သောဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးအင်ဂျင်နီယာများ အတွက် အလုပ်ရုံဆွေးနွေးပွဲအမှတ်စဉ်(၁)နှင့်(၂)ကိုကျင်းပခဲ့ပါသည်။

 

ဂျပန်နိုင်ငံတွင်ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲ၏အဓိကရည်ရွယ်ချက်များမှာအောက်ပါ အတိုင်းဖြစ်ပါသည်။

 

  • ဆိုဒ်များအားသွားရောက်လည်ပတ်ခြင်းနှင့်အတန်းတက်ရောက်ခြင်းများမှတဆင့်ဂျပန်နိုင်ငံ၏ ဓါတ်အားခွဲရုံနှင့်ဓါတ်အားဖြန့်ဖြူးရေးစနစ်နှင့်သက်ဆိုင်သောဗဟုသုတနှင့်နည်းပညာများရရှိ စေရန်။
  • ဓါတ်အားဖြန့်ဖြူးရေးလိုင်းများအပေါ်ပိုမိုယုံကြည်စိတ်ချနိုင်မှုဖြစ်ပေါ်လာစေနိုင်ပြီး၊လျှပ်စစ်ဓါတ် အားပျောက်ဆုံးမှုကိုလျော့နည်းစေနိုင်သောပစ္စည်းများကိုထုတ်လုပ်သောစက်ရုံများကိုသွားရောက် လည်ပတ်ခြင်း၊ Chubu Electric Power (CEPCO)၏သင်တန်းကျောင်းအားသွားရောက် လေ့လာခြင်း၊ဆောက်လုပ်ရေးကုမ္ပဏီများ၏သင်တန်းကျောင်းအားသွားရောက်လေ့လာခြင်း၊ ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံများနှင့်ဓါတ်အားဖြန့်ဖြူးရေးလိုင်းများတပ်ဆင်ထားသောဆိုဒ် များသို့သွားရောက်လေ့လာခြင်းဖြင့်သင်တန်းကျောင်းအသစ်တွင်တပ်ဆင်မည့်Facilityများနှင့် ပတ်သက်၍စဉ်းစားနိုင်စေရန်။

 

သင်တန်းအစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

ခေါင်းစဉ်

ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သော

ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေး အင်ဂျင်နီယာများအတွက်ဂျပန်တွင် ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)

ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သော

ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေး      

အင်ဂျင်နီယာများအတွက်ဂျပန်တွင်      

ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲ

အမှတ်စဉ်(၂)

ကာလ

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ (နှစ်ပတ်တာကာလ)

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀) ရက်နေ့အထိ

(နှစ်ပတ်တာကာလ)

တက်ရောက်

သူများ

လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန (DEPP)၊လျှပ်စစ်ဓါတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)၊ရန်ကုန်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်း(YESC)၊ မန္တလေးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း(MESC)မှအင်ဂျင်နီ  ယာ(၁၄)ယောက်

DEPP, DPTSC, ESE, YESCနှင့်MESCတို့မှအင်ဂျင်နီယာ (၁၃)ယောက်

အကြောင်းအရာ

  • အတန်း။ဂျပန်နိုင်ငံ၏လျှပ်စစ်စွမ်းအားလုပ်ငန်းအကြောင်း၊ CEPCOအကြောင်းနှင့်ဓါတ်အားခွဲရုံနှင့်ဓါတ်အားဖြန့်ဖြူးရေးစနစ် အကြောင်းစသည်
  • Seminar။ နည်းပညာSeminar (ဂျပန်ကုမ္ပဏီများ၏နည်းပညာအား
  •  
  • စက်ရုံများသို့လည်ပတ်ခြင်း။ ထရန်စဖော်မာ၊Switchgear၊

ကွန်ကရိတိုင်၊ ကေဘယ် စသည်

  • ဆိုဒ်လေ့လာခြင်း။ သင်တန်းကျောင်း၊ဆောက်လုပ်ရေးလုပ်ငန်းခွင်၊

Customer Center စသည်

 

တက်ရောက်သူများသည်အလုပ်ရုံအစည်းအဝေးတက်ရောက်ခြင်းအားဖြင့် ဂျပန်နိုင်ငံ၏ဓါတ်အားခွဲရုံ နှင့်ဓါတ်အားဖြန့်ဖြူးရေးစနစ်နှင့်ပတ်သက်သောဗဟုသုတများရရှိပြီး၊သင်တန်းကျောင်း၏Facilities များနှင့်သင်တန်းစနစ်အကြောင်းကိုလေ့လာခဲ့ကြပါသည်။ ထို့အပြင် Seminar တက်ရောက်ခြင်းနှင့် စက်ရုံများသို့သွားရောက်လည်ပတ်ခြင်းအားဖြင့်ဂျပန်နိုင်ငံ၏ပစ္စည်းထုတ်လုပ်သူများ၏အသုံးဝင်သောနည်းပညာအချက်အလက်များရရှိခဲ့ကြပါသည်။

 

Post under by : ဝန်ကြီးရုံး
06-Jan-2018