The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ မေလ (  ၇ )ရက်

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ သို့သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး  ညနေပိုင်းတွင် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ၃၃ကေဗွီဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။   

   ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပို့လွှတ်ပေးနေမှုအခြေအနေများနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးကဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများ အတွက် ပစ္စည်းများအချိန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေး ထားဆောင်ရွက်ကြရန်၊ မဟာဓာတ်အားလိုင်းများကြံ့ခိုင်ထိန်းသိမ်းမှုကို ကြိုတင်ကာကွယ် ဆောင်ရွက်ထားရန်၊ထရန်စဖော်မာဝန်အားစာရင်းအား အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးပစ္စည်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ရေး ပစ္စည်းများအား စနစ်တကျသိမ်းဆည်းထားရှိရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်း တာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိ ဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ် စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် ၊ ဓာတ်အားခွဲရုံဝန်းနှင့် ဝန်ထမ်းအိမ်ရာများ အစဉ်သန့်ရှင်းသာယာ လှပမှုရှိစေရေးဆောင်ရွက်ထားရှိရန်၊ ခွဲရုံဝန်းအတွင်း လေကာနေကာပင်များကို ဓာတ်အားလိုင်း ကင်းလွတ်ရာနေရာများတွင်စိုက်ပျိုးရန်၊ မြေလွတ်များတွင်သီးပင်စားပင်နှစ်ရှည်ပင်များစိုက်ပျိုးကြရန် နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်(Switch Yard)အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏အခြေအနေတို့အား လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့၏တောင်ဘက်ရှိ နမ့်ဝုတ်နှင့် နမ့်စို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ ဆိုင်ရာအချက်အလက်များနှင့် လက်ရှိမောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု နှင့် လုပ်ငန်းများလျာထားဆောင်ရွက်နေမှု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အကောင်အထည်ဖော်နိုင်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်လျာထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း အင်ဂျင်နီယာချုပ်က လိုအပ်ချက်များကိုမှာကြားပြီး တင်ပြမှုများအပေါ်  ဒုတိယဝန်ကြီးက ရုံးစာများလုံခြုံမှုရှိစေရေး စနစ်တကျမှတ်တမ်းရေးသွင်း၍ လုံခြုံရေး အသိ၊ သတိ ဖြင့် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများပုံမှန်ကောက်ခံရရှိရေး အထူး အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊မီတာများခွင့်ပြုခြင်း၊တပ်ဆင်ခြင်းနှင့် ဓာတ်အားခငွေများ အပြည့်အဝကောက်ခံရရှိရေး၊ ကောက်ခံရငွေများကို စာရင်းသွင်းထားရှိခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က အထူးကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်၊ လစဉ်တိုးတက်မှုကိုတင်ပြရေး၊ ဓာတ်အားပျောက်ဆုံး မှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်/သစ်ကိုင်းများ ပုံမှန် ရှင်းလင်းခုတ်ထွင်သွားရန်၊လိုင်းထိန်းသိမ်းကြံ့ခိုင်ရေးနှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံး ညီညွှတ်စွာနေထိုင်ကြရန်၊ ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး ဌာနတွင်းလုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအားထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ၃၃ကေဗွီဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။  

Post under by : ဝန်ကြီးရုံး
08-May-2024