The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိရေးနှင့် ဓာတ်အားစနစ်ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့ရှိ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံများသို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားများဗို့အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံရှိ Main Transformer များ၏ ဗို့အားအဝင်အထွက်များကို စိစစ်တွက်ချက်၍ Tapping အဆင့်မြင့်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ဝန်ထမ်းများနှင့် ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ညနေ(၀၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Jul-2018
ကုန်းပိုင်းနှင့်ကမ်းလွန်လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်း ပါဝင် ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအား မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာခြင်း
၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းပိုင်းနှင့်ကမ်းလွန် လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ဖြင့်လည်းကောင်း၊ ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ်ဖြင့်လည်းကောင်း နိုင်ငံခြားရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူ ဆောင်ရွက်မည်ဖြစ် ပါသည်။


Read More...

Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
: 03-Jul-2018