The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များအတွက် လှည့်လည်ကြည့်ရှု စစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး (ဂ) အဆင့်(ချောက်) သို့ ရောက်ရှိခဲ့ပြီး ပင်မမန်နေဂျာမှ စက်သုံးဆီများ လက်ခံ/သိုလှောင်/ ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ စက်သုံးဆီများ လက်ခံ/ သိုလှောင်/ ဖြန့်ဖြူးရာတွင် စနစ်တကျရှိစေရေး၊ လေလွင့်လျော့နည်းမှုမရှိစေရေးနှင့် မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-May-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မကွေးတိုင်းဒေသကြီးအတွင်းရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) ၊ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) နှင့် မကွေးပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေး ခန်းမတွင် စက်ရုံမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-May-2018
ရေနံအထွက်တိုးရေးကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ချောက်ရေနံမြေသို့ ရောက်ရှိခဲ့ပါသည်။ ရေနံမြေရိပ်သာတွင် ချောက်ရေနံမြေမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရေး အလေးဂရုပြုဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ရေနံအထွက်တိုးရေး အတွက် Water Flooding Project အပါအဝင်ခေတ်မီနည်းပညာများ အသုံးပြုရှာဖွေ ဆောင်ရွက် သွားကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများသို့ ကြည့်ရှု့စစ်ဆေးသည့်သတင်း
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ ၁၃၂/၆၆/၁၁ ကေဗွီ ခွဲရုံသို့ ရောက်ရှိရာ ခွဲရုံရှိ တာဝန်ရှိသူများမှ လျှပ်စစ်ဓာတ်အားများ လက်ခံ/ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ အသုံးချနိုင်ရေး၊ ဗို့အားစနစ် တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေး၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ မြင်းခြံခွဲရုံမှာ တောင်သာ၊ မလှိုင်၊ နွားထိုးကြီး၊ ငါန်းဇွန်၊ မြို့သာ၊ မြင်းခြံ၊ ညောင်ဦး၊ ပုဂံ၊ မြောင်မြို့နယ်များနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများ၊ မြစ်ရေတင်များ၊ စက်မှုဇုန်များနှင့် စက်ရုံများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-May-2018
မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ အိုးဘိုခွဲရုံ ပြန်လည်ပြုပြင်မှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃/၁၁ ကေဗွီ အိုးဘိုခွဲရုံ သို့ ရောက်ရှိခဲ့ပါသည်။၃၃/၁၁ ကေဗွီ၊ အိုးဘိုခွဲရုံမှာ ဓာတ်အားလိုင်းအပြစ်ကြောင့် (၂၃-၅-၂၀၁၈) ရက်နေ့ (၁၅:၂၀)နာရီတွင် ၂၀ အမ်ဗွီအေ ထရန်စဖော်မာမှ ဆီများပန်း၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်(၆)ခုမှာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 25-May-2018