The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဘူမိဗေဒဌာနခွဲ(ပျဉ်းမနား)


  ဘူမိဗေဒဌာနခွဲ (Geological Branch)

           ဘူမိဗေဒဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ-

               (က)  ရေအားလျှပ်စစ်တာတမံများတည်ဆောက်မည့် စီမံကိန်းဧရိယာနှင့်တမံအူကြောင်း တစ်လျှောက်မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊

               ( ခ )  ရေဝပ်ဧရိယာ၏ မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊

               ( ဂ )  ဘူမိဗေဒမြေပုံများရေးဆွဲခြင်း၊

               (ဃ)  စီမံကိန်းဧရိယာတွင် အင်ဂျင်နီယာဘူမိဗေဒအခြေအနေများသိရှိနိုင်ရန် စိန်လွန် တူးဖော်စမ်းသပ်ခြင်း၊   

                ( င )  ရေစိမ့်တားနှုန်းတိုင်းတာခြင်း၊

                 ( စ )  မြေစမ်းခြင်းများ (Test Pits)၊ မြေစမ်းမြောင်းများ (Test Trenches) တူးဖော် ၍မြေနမူနာယူခြင်း၊ရေ/မြေ/ကွန်ကရစ် စမ်းသပ်ဓာတ်ခွဲခန်းသို့ပို့ဆောင်စမ်းသပ် ခြင်း၊ ရေစိမ့်တာနှုန်းတိုင်းတာခြင်း၊

                 (ဆ)   စမ်းသပ်ဘိလပ်မြေဖိသွင်းခြင်း (Test Grout) လုပ်ငန်းများဆောင်ရွက်ခြင်း၊

                 ( ဇ )  ရေလွှဲဥမင်လိုဏ်/ ရေယူဥမင်လိုဏ်/ ရေလျှံထိန်းဆည်ဖောက်လုပ်ရာတွင်ယမ်း ဘီလူးနှင့်ဆက်စပ်ပစ္စည်းအသုံးပြုလျက် ကြီးကြပ်ဆောင်ရွက်ခြင်း၊

                 ( ဈ ) ရေအားလျှပ်စစ်အဆောက်အအုံလုပ်ငန်းများအား ခိုင်ခန့်မှုအတွက် Grouting လုပ်ငန်းများဆောင်ရွက်ခြင်း၊

                  (ည)   စိန်လွန်တွင်းတူးစက်ပစ္စည်းနှင့် အရန်ပစ္စည်းများကို ထိန်းသိမ်းခြင်း၊

                  ( ဋ ) ရေအားလျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာအဆောက်အအုံများ၏ အောက်ခံ အုတ်မြစ် ခိုင်ခံ့အောင်ပြုပြင်ခြင်း၊

                  ( ဌ )  ဖို့မြေ၊ သဲ၊ ကျောက်၊ ကျောက်ကြီးစသည့် တည်ဆောက်ရေးပစ္စည်းများ ရှာဖွေခြင်း။

ဖွဲ့စည်းပုံ>>>