The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သဘာ၀ပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ကျောက်ပန်းတောင်း)


သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ

           (က)    သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံအနေဖြင့် ဝန်ကြီးဌာန၏ အရေးကြီးစီမံကိန်းများ အတွက် လိုအပ်သော ပိုဇိုလန်ကုန်ချောများထုတ်လုပ်ပေးလျက်ရှိရာ ထိုသို့အရေးကြီး လုပ်ငန်းများ ချောမွေ့အဆင်ပြေစွာဆောင်ရွက်အကောင်အထည်ဖော်နိုင်ရေး                        အတွက် ဝန်ကြီးဌာနအား တာဝန်ယူဆောင်ရွက်ပေးရခြင်း၊

           ( ခ )   စက်ရုံဝန်ထမ်းများကိုလည်း ထမ်းဆောင်ရမည့်တာဝန်ကို သိရှိနားလည်အောင် သင်ကြားပေးရမည့်အပြင် ဝန်ထမ်းများ၏လိုက်နာရမည့်စည်းကမ်းများ၊ ထမ်းဆောင် ရမည့်တာဝန်ဝတ္တရားများ၊ မူဝါဒများချမှတ်ပေးရခြင်း၊

            ( ဂ )   စက်ရုံဌာနအားလုံး၏ ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုလုပ်ငန်း၊ ရုံးလုပ်ငန်းများ အားကြပ်မတ်ကွပ်ကဲရမည်၊ စက်ရုံ၏ကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ ကုန်ကြမ်း၊ ကုန်ချောနှင့် ပစ္စည်းများလေလွင့်မှုမရှိစေရေး ကြပ်မတ်ထိန်းသိမ်းပေးရခြင်း၊

            (ဃ)    စက်ရုံ၏လုံခြုံရေး၊ သဘာဝဘေး၊ မီးဘေးကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲ၍ အခါအားလျော်စွာ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရခြင်း၊

            ( င )   ဝန်ထမ်းများစည်းကမ်းစနစ်တကျရှိရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးကိစ္စများ ဝန်ထမ်းရေးရာကိစ္စများအား ဆောင်ရွက်ပေးရခြင်း၊

            ( စ )   စက်ရုံ၏ငွေစာရင်းများ စနစ်တကျထိန်းသိမ်းခြင်း၊ ရငွေ/သုံးငွေများမှန်ကန်မှုရှိရေး ကြပ်မတ်ခြင်း၊ စစ်ဆေးခြင်းများအား တာဝန်ခံဆောင်ရွက်ရခြင်း၊

            (ဆ)    စက်ရုံနှင့် ယာဉ်ယန္တရားများ အစဉ်ကြံ့ခိုင်နေစေရေး၊ စက်အရန်ပစ္စည်းများရရှိရေး၊ ကုန်ချောများဖြန့်ဖြူးရောင်းချရေး၊ အရည်အသွေးထိန်းသိမ်းရေးဆောင်ရွက်ရခြင်း၊

            ( ဇ )   တိုင်းခရိုင်နှင့်မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ်၍ စီမံကိန်းတာဝန်များအပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော် အုပ်ချုပ်ရေးကိစ္စများအတွက် ပူးပေါင်းဆောင်ရွက်ရခြင်း၊

            ( ဈ )   နှစ်စဉ်ထုတ်လုပ်ရမည့်ကုန်ကြမ်းများ၊ နေ့စဉ်နှင့် လစဉ်ထုတ်လုပ်ရမည့် ကုန်ချောများ အားစီမံချက်ရေးဆွဲကာ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်ရေး မျက်ခြေ မပြတ်ဆောင်ရွက်ရခြင်း၊

            (ည)    ပတ်ဝန်းကျင်ကျေးရွာများ၊ မြို့နှင့် ရပ်ကွက်နေပြည်သူများ၏ ကိစ္စအဝဝအား တတ် အားသမျှကူညီခြင်းဖြင့် နိုင်ငံတော်အပေါ် ရပ်ရွာလူထုမှ ကြည်ညိုလေးစားမှုရှိစေရေး မိမိကိုယ်တိုင် နိုင်ငံရေးအမြင်ရှိစွာ ဆောင်ရွက်ရမည့်အပြင် ဝန်ထမ်းအားလုံးမှ                          လည်း ထိုသို့ ခံယူတတ်လာစေရေး သင်ကြားပြသရခြင်း။

ဖွဲ့စည်းပုံ>>>