The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

MPE နောက်ခံသမိုင်း


နောက်ခံသမိုင်းအကျဉ်း

 

          ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ခဲ့သော ရေနံလုပ်ငန်းများကို ၁၉၆၄ ခုနှစ် မတ်လတွင် “ပြည်သူ့ရေနံလုပ်ငန်း” ဟူ၍လည်းကောင်း၊၁၉၇၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် “မြန်မာ့ရေနံကော်ပိုရေးရှင်း” ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဝေါ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ခဲ့သော ရေနံလုပ်ငန်းများကို ၁၉၆၄ ခုနှစ် မတ်လတွင် “ပြည်သူ့ရေနံလုပ်ငန်း” ဟူ၍လည်းကောင်း၊၁၉၇၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် “မြန်မာ့ရေနံကော်ပိုရေးရှင်း” ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဝေါ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းမှ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း(Petrochemical Industries Corporation) နှင့် ရေနံ ထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းနှစ်ခုကို သီးခြားခွဲထုတ်၍ ဖွဲ့စည်းခဲ့ပါသည်။ ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်းအမည်မှ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် နေ့မှစ၍ ယနေ့အထိ “မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း” (Myanma Petrochemical Enterprise) အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

 

လုပ်ငန်းရည်မှန်းချက်

         နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းရှိ ကုန်းတွင်းနှင့်ကမ်းလွန်တို့မှ ထွက်ရှိ သည့် ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့တို့ကို အသုံးပြု၍ စွမ်းအင်ခြိုးခြံချွေတာရေး နည်းစနစ်များ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေဘဲ  ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာနှင့် ရေနံဓာတ်ငွေ့ရည်တို့အား တိုးမြှင့်ထုတ်လုပ်သွားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါသည်။

 

လုပ်ငန်းအကြောင်းအရာ

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ရေနံနှင့် ရေနံထွက်ပစ္စည်းများထုတ်လုပ်သယ်ယူဖြန့်ဖြူးသည့် နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုဖြစ်ပါ သည်။ ရေနံစိမ်း၊ Condensate နှင့်သဘာဝဓာတ်ငွေ့တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ရေနံချက် စက်ရုံ(၃)ရုံ၊ ဓာတ်မြေသြဇာစက်ရုံ(၅)ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံရှိပြီး အောက်ပါလုပ်ငန်း များဆောင်ရွက်လျှက်ရှိပါသည်-

  • ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့အသုံးပြု၍ ရေနံထွက်ပစ္စည်းများ၊ ယူရီးယားဓာတ်မြေသြဇာနှင့် ရေနံဓာတ်ငွေ့ရည်များထုတ်လုပ်ခြင်း
  • ရေနံစိမ်းနှင့်ရေနံဓာတုဗေဒပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း
  • ရေနံဓာတ်ငွေ့ရည်၊ ယူရီယားဓာတ်မြေသြဇာနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊  အခြားရေနံထွက် ပစ္စည်းများကို တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်း၊

 

၁။ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)

၂။ အမှတ်(၂)ရေနံချက်စက်ရုံ(ချောက်)

၃။ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)

၄။ အမှတ်(၁)ဓာတ်မြေဩဇာစက်ရုံ(စလေ)

၅။ အမှတ်(၂)ဓာတ်မြေဩဇာစက်ရုံ(ကျွန်းချောင်း)

၆။ အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)

၇။ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)

၈။ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)

၉။ အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)

၁၀။ အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)

၁၁။ အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း)

 

 

 

                                                             ရေနံချက်စက်ရုံများ

 

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)

         အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့အနီးတွင် တည်ရှိပါသည်။ ၎င်းစက်ရုံတွင် ရေနံချက်စက်ရုံ(၃)ရုံ တို့ပါဝင်ပြီး ဆက်စပ်စက်ရုံများအဖြစ် ရေနံမီးသွေးချက်စက်ရုံ (၅,၂၀၀ စည်/နေ့)၊ ဖယောင်းတိုင်စက်ရုံ(၁.၅ တန်/နေ့)၊ ဓာတ်ပျံဆီချက် စက်ရုံ(၅၀,၀၀၀ ဂါလန်/နေ့)၊ စက်ဆီ၊ ချောဆီရောစပ်စက်ရုံ (၂၅,၀၀၀ မက်ထရစ်တန်/နှစ်)၊ ဆီသိုလှောင်ကန်များနှင့် ဆီတင်/ချဆိပ်ခံတံတားတို့ပါဝင်ပါသည်။ ရေနံချက်စက်ရုံ(က)အား ၁၉၅၅ ခုနှစ်တွင် တည်ဆောက်လည်ပတ်ခဲ့ပြီး စက်ရုံတည်ဆောက်မှုကာလ ကြာမြင့်လာသည်နှင့် အမျှ စက်ပစ္စည်းအစိတ်အပိုင်းများယိုယွင်းပျက်စီးမှုများပြားလာပြီး အန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ၂၀၀၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပါသည်။ ရေနံဓာတ်ငွေ့ရည် အတင်/ အချဆိပ်ကမ်းနှင့် သိုလှောင်ကန်များကို ၁၉၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သိုလှောင် နိုင်မှုပမာဏမှာ ရေနံဓာတ်ငွေ့ရည် ၅,၅၅၀ မက်ထရစ်တန် ဖြစ်ပါသည်။ ယခင်က ပြည်တွင်း ရေနံစိမ်းနှင့် ပြည်ပမှ တင်ပို့သည့် ရေနံစိမ်းတို့အား အသုံးပြု လည်ပတ်ချက်လုပ်ခဲ့သော်လည်း ၂၀၀၂ ခုနှစ်မှ စတင်၍ ရေနံစိမ်းအစား ရဲတံခွန် Condensate အား ပြောင်းလဲချက်လုပ်ခဲ့ပါသည်။ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊  လေယာဉ်ဆီ၊ ဓာတ်ပျံဆီတို့ကို ထုတ်လုပ်ပါသည်။ လက်ရှိတွင် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သည် စီးပွားရေးတွက် ခြေကိုက်မှုမရှိသဖြင့်  ၄-၃-၂၀၁၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပါသည်။ ရေနံချက်စက်ရုံ (ခ) နှင့် ရေနံချက်စက်ရုံ(ဂ)တို့၏ စက်ရုံဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

စက်ရုံ

စက်စွမ်းအား

(စည်/နေ့)

တည်ဆောက်သည့်

ခုနှစ်

တည်ဆောက်သည့်ကုမ္ပဏီ

၁။

ရေနံချက်စက်ရုံ(ခ)

၁၄,၀၀၀

၁၉၆၂

Foster Wheeler Company, England

၂။

ရေနံချက်စက်ရုံ(ဂ)

၆,၀၀၀

၁၉၈၀

Mitsubishi Heavy Industry, Japan

အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)

          အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် တည်ရှိပါသည်။ ၎င်းစက်ရုံအား ၁၉၅၄ ခုနှစ်တွင် Foster Wheeler, England မှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး ရေနံပေါင်းတင်ချက်စက်ရုံနှင့် ဖယောင်းစက်ရုံတို့ပါဝင်ပါသည်။ အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)မှ ဓာတ်ဆီ ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ဖယောင်း ၊ မီးထိုးဆီနှင့် ဆီပြာတို့ကို ထုတ်လုပ်လျက်ရှိပါသည်။ မူလချက်လုပ်နိုင်မှုစက်စွမ်းအားမှာ ၆,၀၀၀စည်/နေ့ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရေနံစိမ်းရရှိမှုအခြေအနေအရ ၅-၃-၂၀၁၉ ရက်နေ့၌ စက်ရပ်ဆိုင်းထားပါသည်။

ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)

     ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် သံပရာကန်ကျေးရွာအနီးတွင် တည်ရှိပါသည်။ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)ကို ၁၉၇၈ခုနှစ်တွင် Mitsubishi Heavy Industry, Japan ဖြင့် တည်ဆောက် အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ကုန်ထုတ်လုပ်မှုအား စတင်နိုင်ခဲ့ပါသည်။ ရေနံဓာတု ဗေဒစက်ရုံစု(သံပရာကန်)မှ ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည်၊ လေယာဉ်ဆီ၊ ရေနံဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးတို့ကို  ထုတ်လုပ်လျက်ရှိပါသည်။ မူလစက်စွမ်းအားမှာ ၂၅,၀၀၀စည်/ နေ့ဖြစ်ပြီး လက်ရှိလည်ပတ်နိုင်သည့်စက်စွမ်းအားမှာ တစ်ရက်လျှင် ၈,၅၀၀ စည် (ဂါလန် ၃၀၀,၀၀၀) ခန့်နှုန်းဖြင့် ပြည်တွင်းရေနံစိမ်းရရှိမှုအပေါ်မူတည်ကာ တစ်လလျှင် ၁၅ ရက်ခန့် လည်ပတ်ချက်လုပ်လျက်ရှိပါသည်။

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေနံချက်စက်ရုံပြုပြင်မွမ်းမံခြင်း၊ ရေနံချက်စက်ရုံ အသစ်တည်ဆောက်ခြင်းတို့အတွက် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များအား စိစစ်ရွေးချယ်နိုင်ရန်  နည်းပညာအရသော်လည်းကောင်း၊ ငွေကြေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း၊ အတွေ့အကြုံနှင့်အရည်အချင်းပြည့်စုံသော နိုင်ငံတကာအဆင့်အကြံပေး၊ ပုဂ္ဂိုလ်/ အဖွဲ့အား ငှားရမ်းဆောင်ရွက်လိုပါသဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်ခြင်းကို ဆောင်ရွက်ထားပါသည်။

ဓာတ်မြေသြဇာစက်ရုံများ

     မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ဓာတ်မြေသြဇာစက်ရုံ(၅) ရုံရှိ၍ ယင်းတို့ အနက် အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ) နှင့် အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) တို့လည်ပတ်ထုတ်လုပ်လျက်ရှိပြီး စက်ရုံ(၂)ရုံ ၏ စုစုပေါင်း ထုတ်လုပ်မှုမှာ တစ်ရက်လျင် တန် ၇၀၀ ခန့်ဖြစ်ပါသည်။ ကျန်စက်ရုံ (၃) ရုံမှာ  သဘာဝဓာတ်ငွေ့မရရှိခြင်း တို့ကြောင့် ရပ်ဆိုင်းထားပါသည်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ဓာတ်မြေသြဇာ စက်ရုံ(၅)ရုံ၏ စက်ရုံဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

စက်ရုံအမည်

ထုတ်လုပ်မှု

စတင်သည့် နှစ်

မူလစက်စွမ်းအား

(မက်ထရစ်တန်)

တည်ဆောက် သည့်ကုမ္ပဏီ

 

 

မှတ်ချက်

အမိုးနီးယား

ယူရီးယား 

၁။

စလေ

၁၉၇၀

၁၂၀

၂၀၅

Hitachi Zosen, Japan

၄.၄.၂၀၁၈ ရက်နေတွင် ရပ်ဆိုင်းထားပါသည်။

၂။

ကျွန်းချောင်း

၁၉၇၁

၁၂၀

၂၀၇

Pintsch Bamag Company, Germany

၁.၈.၂၀၁၅ ရက်နေ့တွင် ရပ်ဆိုင်းထားပါသည်။

၃။

ကျော်စွာ

၁၉၈၅

၃၆၀

၆၀၀

UHDE, Germany

၇.၉.၂၀၁၀ ရက်နေ့တွင် ရပ်ဆိုင်းထားပါသည်။

၄။

မြောင်းတကာ

၂၀၁၀

၃၂၅

၅၀၀

HQCEC, China

 

၅။

ကန်ကြီးထောင့်

၂၀၁၁

၃၂၅

၅၀၀

HQCEC, China

 

    လက်ရှိအခြေအနေတွင် အမှတ်(၁)နှင့်အမှတ်(၂)ဓာတ်မြေဩဇာစက်ရုံများ၏ လက်ရှိ စက်ရုံတည်နေရာတွင် စီးပွားရေးတွက်ချေကိုက်အရွယ်အစား ယူရီးယားဓာတ်မြေဩဇာစက်ရုံ သစ်များ တည်ဆောက်ရန် ပြည်တွင်း/ ပြည်ပကုမ္ပဏီများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်းနှင့်  အမှတ်(၄) နှင့် အမှတ်(၅) ဓာတ်မြေ ဩဇာစက်ရုံများအား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ရန် ပြည်တွင်း/ ပြည်ပကုမ္ပဏီများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်ထားပါသည်။

     လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်မြေဩဇာစက်ရုံများ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဓာတ်မြေဩစာစက်ရုံအသစ်များတည်ဆောက်ခြင်း၊  အသစ်တည်ဆောက်ခြင်း တို့အတွက် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များအား စိစစ်ရွေးချယ်နိုင်ရန်  နည်းပညာအရ သော်လည်းကောင်း၊ ငွေကြေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း၊ အတွေ့အကြုံနှင့်အရည်အချင်းပြည့်စုံသော နိုင်ငံတကာအဆင့်အကြံပေး၊ ပုဂ္ဂိုလ်/ အဖွဲ့အား ငှားရမ်းဆောင်ရွက်လိုပါသဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်ခြင်းကို ဆောင် ရွက်ထားပါသည်။

ရေနံဓာတ်ငွေ့ရည်စက်ရုံများ

    မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံရှိပြီး လက်ရှိတွင် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)တို့မှ လည်ပတ်ထုတ်လုပ်လျှက်ရှိပါသည်။ သဘာဝဓာတ်ငွေ့မရရှိမှုကြောင့် ရပ်ဆိုင်းထားသည့် အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း)ကို ညောင်တုန်းရေနံ ဓာတ်ငွေ့ရည် စက်ရုံနေရာသို့ပြောင်းရွှေ့တပ်ဆင်၍ အမှတ်(၂)နှင့် အမှတ်(၃)ရေနံဓာတ်ငွေ့ ရည်စက်ရုံ(၂)ရုံ နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (၄) ဆိုင်တို့ကိုငှားရမ်းခြင်း၊ စက်ရုံလည်ပတ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူရောင်းချခြင်းနှင့် အမြတ်ခွဲဝေသောစနစ်ဖြင့် ဆောင်ရွက်ရန် ပြည်တွင်း ကုမ္ပဏီဖြစ်သည့် ရတနာစုကုမ္ပဏီဖြင့် ၂၅.၁၀.၂၀၁၇ တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး  လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအခြေအနေတွင်  တစ်နေ့လျှင် ရေနံဓာတ်ငွေ့ရည် ၁၄ တန်ခန့်နှင့် နက်ဖ်သာ ၄,၀၀၀ ဂါလန်ခန့်အား ထုတ်လုပ်လျှက်ရှိပြီး ပြည်တွင်းလိုအပ်ချက်အတွက် ဖြည့် ဆည်းပေးလျက်ရှိပါသည်။ ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံ၏ စက်ရုံဆိုင်ရာအချက်အလက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

စက်ရုံအမည်

တည်ဆောက်သည့်ခုနှစ်

မူလ

စက်စွမ်းအား

(ကုဗပေသန်း)

တည်ဆောက်သည့်ကုမ္ပဏီ

၁။

အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ

(မင်းဘူး)

၁၉၈၆

၂၄

Mitsubishi, Heavy Industry, Japan

၂။

အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)

၂၀၀၅

၁၀~၁၆

CMC Dong Fang International Co., Ltd, China

၃။

အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း)

၂၀၁၀

၈~၁၀

CMC Dong Fang International Co., Ltd, China

 

 

ဤလုပ်ငန်း၏ဆက်သွယ်ဆောင်ရွက်ရန်လိပ်စာ

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပုဂ္ဂိုလ်၊ လိပ်စာနှင့် ဖုန်း နံပါတ်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဆက်သွယ်ရန်ပုဂ္ဂိုလ်  :         ဦးဆောင်ညွှန်ကြားရေးမှူး

လိပ်စာ                    :         ရုံးအမှတ်(၄၄)၊ နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဖုန်းနံပါတ်                :         ၉၅-၀၆၇-၄၁၁၁၁၆

ဖက်(စ်)နံပါတ်           :         ၉၅-၀၆၇-၄၁၁၁၂၆

Email                     :         mpeict@gmail.com