The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် ပြည်သူသို့ အသိပေးကြေညာခြင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
၁။ နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်မားလာပါသဖြင့် ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါသည်။


Read More...

: 30-Aug-2024
အသိပေးပန်ကြားချက်
အသိပေးပန်ကြားချက်


Read More...

: 07-Mar-2022
နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူသိရှိနိုင်ရန် အသိပေးပန်ကြားခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် လက်ရှိကာလ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင်ဓာတ်အားပေးစက်ရုံများ နှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ (၁၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက် များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂၁၇၇) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ် ပို့လွှတ်လျက်ရှိပြီး၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူ သုံးစွဲလိုမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး (၃၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာ ပျှမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ (၂၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါသည်။


Read More...

: 06-Mar-2022
နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်နေမှုအပေါ် အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း
နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်နေမှုအပေါ် အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း


Read More...

: 12-Jan-2022
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့်အခြေအနေနှင့်စပ်လျဉ်း၍ အများပြည်သူသို့ပန်ကြားချက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အများပြည်သူ နှင့် စက်မှုလက်မှုလုပ်ငန်းများတွင်ဓာတ်အားသုံးစွဲနိုင်ရန်အတွက်ဓာတ်အားပေးစက်ရုံများမှဓာတ်အား ထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူး နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 05-Jan-2022