၁။ နိုင်ငံတော်အဆင့် e-Government စီမံကိန်းကော်မတီများ၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
၂။ e-Government နှင့် ICT ဆိုင်ရာ လုပ်ငန်း/စီမံကိန်းများ၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနည်းပညာ၊ စီမံခန့်ခွဲမှု၊ အကောင်အထည်ဖော်ဆောင်မှု၊ ဝန်ဆောင်မှု၊
ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့အား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း။
၃။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုဆိုင်ရာ ကိစ္စရပ်များအား e-Government လုပ်ငန်းများဖြင့် ဆောင်ရွက်ခြင်း။
၄။ ဝန်ကြီးဌာနဆိုင်ရာ သတင်းအချက်အလက် ကိန်းဂဏန်းများအား ICT နည်းပညာ သုံးစွဲ၍ စုစည်းထိန်းသိမ်းခြင်း။
၅။ တိုင်းဒေသကြီး/ပြည်နယ်များနှင့် Network ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေခြင်း။
၆။ ဝန်ကြီးဌာန Website, Myanmar National Portal နှင့် Social Media များတွင် ပုံမှန်သတင်းထုတ်ပြန်ခြင်းနှင့် နည်းပညာဆိုင်ရာ အသိပညာများ မျှဝေပေးခြင်း၊
လျှပ်စစ်အန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမုန်းစကား ကာကွယ်တားဆီးပေးရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်
ခြင်း။
၇။ G to G ၊ G to C ၊ G to B ၊ G to E ဆိုင်ရာကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

