The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်း/မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) တို့အား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်း ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူမှ ညောင်တုန်း/ မအူပင် (တောင်) ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြမှု တို့အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jan-2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း (၂၀.၁.၂၁၀၈)
ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)  တွင် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါ လျက်  ၂၀-၁-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) အတွင်းရှိ မြို့ရုံးခွဲရုံ၊ စက်မှုဇုန် ခွဲရုံ၊ အင်းဝခွဲရုံ၊ ကျန်စစ်သားခွဲရုံ၊ စက်မှုဇုန်တိုးချဲ့ခွဲရုံ နှင့် ရွာသာကြီးခွဲရုံတို့သို့ ရောက်ရှိစစ်ဆေးခဲ့ ပါသည်။ လက်ရှိတွင် အဆိုပါ ၃၃/၁၁ ကေဗွီ ၊ ၃၅ အမ်ဗွီအေ မြို့ရုံးခွဲရုံ၊ ၆၆/၁၁ ကေဗွီ၊ (၂၀x၃၀) အမ်ဗွီအေ စက်မှုဇုန်ခွဲရုံနှင့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ အင်းဝခွဲရုံတို့ကို ၂၃၀ ကေဗွီ သာကေတ ခွဲရုံမှလည်းကောင်း၊  ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ကျန်စစ်သားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ၊ (၁၀x၅) အမ်ဗွီအေ စက်မှုဇုန်တိုးချဲ့ခွဲရုံ နှင့် ၃၃/၆.၆ (၅ x ၄.၅ x ၂) အမ်ဗွီအေ ရွာသာကြီးခွဲရုံတို့ကို ၂၃၀ ကေဗွီ အရှေ့ဒဂုံခွဲရုံမှ လည်းကောင်း ဓာတ်အားရယူ၍ ဓာတ်အားသုံးစွဲသူ(၆၈၁၅၂)ဦးနှင့် စက်မှုဇုန် (၄) ဇုန်တို့အား ဓာတ်အားဖြန့်ဖြူးပေးပို့ဆောင်ရွက် လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Jan-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ( ၁၉ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြပါသည်။           ပထမဦးစွာ ထူးချွန်သင်တန်းသား (၂) ဦးမှ သင်တန်းတက်ရောက်ခဲ့မှုနှင့်ပတ်သက်၍ Power Point Presentation ဖြင့် ရှင်းလင်းတင်ပြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Jan-2018
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် U Energy Thakata Power Company Limited မှ ဆောင်ရွက်လျက်ရှိသော ၁၀၆ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် U Energy Thakata Power Company Limited မှ JVA စနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသော ၁၀၆ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှတာဝန်ရှိသူများ လိုက် ပါလျက် ၁၃-၁-၂၀၁၈ ရက်နေ့တွင် သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Jan-2018
အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှု စစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Jan-2018