The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားတည်ငြိမ်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး
ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားတည်ငြိမ်ရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၂၀.၁၀.၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရေနီခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ သဲဖြူခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေ  ဆွာခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရေတာရှည်ခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၁၀  အမ်ဗွီအေ တောင်ငူ (ရခိုင်စု) ခွဲရုံ ၊  ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ထန်းတပင်ခွဲရုံနှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ ဟင်းငုတ်ပင်ခွဲရုံများသို့ ရောက်ရှိ ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Dec-2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ ဦးသောင်းဟန်၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၈.၁၀.၂၀၁၇) ရက်နေ့တွင် ၃၃ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Dec-2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများ လျှပ်စစ် ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၇.၁၀.၂၀၁၇) ရက်နေ့တွင် မိတ္ထီလာခရိုင်အတွင်းရှိ ၃၃ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Dec-2017