The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ၊ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ၊ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာဝန်ကြီးဌာနတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Jul-2018
ကျောက်ဖြူနေ့စဉ်သတင်း Face Book မှဖော်ပြသော မဒဲကျွန်းရေနက်ဆိပ်ကမ်းအထက်ပိုင်း တွင် ရေနံသင်္ဘောမှ ရေနံဆေးကြောရေစွန့်ထုတ်မှုသတင်း မှန်ကန်မှုမရှိ
၁။ ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်း(ဒေသခေါ်) ရေနက်ဆိပ်ကမ်း အထက်ပိုင်းမြစ်ချောင်းများရှိ ရေများမှာမိုင်(၄၀)ကျော်အထိ ရေနံဆီရောင်ဖြစ်ပေါ်နေသဖြင့် ငါးပုဇွန်ရှားပါးနေပြီး ရေနံတင်သင်္ဘောမှ ရေနံကန်များအားဆေးကြောပြီး မသန့်ရှင်းတဲ့ရေများအား မြစ်ထဲသို့စွန့်ပစ်ထားသောကြောင့်ဖြစ်ကြောင်း ကျောက်ဖြူနေ့စဉ်သတင်း Face Book စာမျက်နှာမှ ၂၆.၇.၂၀၁၈ တွင် ထုတ်ပြန်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Jul-2018
အလင်းရောင်စီမံချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး(၂)ခုမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိရာ စုစုပေါင်း အိမ်ထောင်စု အရေအတွက် ၇.၉၇၂ သန်းခန့်ရှိသည့်အနက် လက်ရှိအချိန်ထိ ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု အရေအတွက် ၂.၃၂ သန်းခန့်ရှိပြီဖြစ်၍ မီးလင်းရန်ကျန်အိမ်ထောင်စု ၅.၆၅၂ သန်းခန့် ရှိပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 23-Jul-2018
တင်ဒါပိတ်ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Web Portal (www.moee.gov.mm) တွင် ထည့်သွင်းကြေငြာ၍ တင်ဒါခေါ်ယူခဲ့သော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ လှော်ကားပင်မဓာတ်အားခွဲရုံရှိ 230/33/11 kV, 20 MVA Single Phase Transformer (3) Nos နှင့် မန္တလေးမြို့ရှိ စက်မှုဇုန် (၂) ပင်မဓာတ်အားခွဲရုံတွင် 132/33 kV, 15 MVA Three Phase Transformer (1) No တို့အား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခဲ့ခြင်းအား တင်ဒါပိတ်ရက်ကို လုပ်ငန်း လိုအပ်ချက်အရ (၁၈ - ၇-၂၀၁၈) ရက်နေ့အား (၂၀-၇-၂၀၁၈) ရက်နေ့သို့ (၂) ရက် တိုးမြှင့်၍ ပြောင်းလဲပြင်ဆင်အပ်ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 17-Jul-2018