The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ထိန်းသိမ်းရေးဌာနခွဲ(မန္တလေး)


ထိန်းသိမ်းရေးဌာနခွဲ

             (က)    တည်ဆောက်ပြီးရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ တမံနှင့်ဆက်နွယ်သော ရေအား အဆောက်အအုံများဖြစ်သည့် ရေပိုလွှဲ၊ ရေလွှဲရေထုတ်ပြွန်နှင့် ရေထိန်း အဆောက်အအုံများ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူဥမင်လိုဏ် စသည်တို့နှင့် ဆက်နွယ် ရေယူ                             အဆောက်အအုံများ၊ ရေသွယ်မြောင်းများ၊ ဖိအားနိမ့်/ ဖိအား မြင့်သံမဏိပိုက်လိုင်းများ စသည်တို့အား ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

             ( ခ )   မြေသားတမံ/ ကျောက်ဖြည့်တမံ/ RCC တမံ/ ကွန်ကရစ်တမံ ကိုယ်ထည်များအတွင်း နှင့်တမံအောက်ခံအုတ်မြစ်များအတွင်းထည့်သွင်းတပ်ဆင်ထားသောတိုင်းတာရေး ပစ္စည်းကိရိယာများ (Dam Instruments) အား တမံအဆောက်အအုံ၏                                    အခြေအနေ (Dam Behavior) နေ့စဉ်ဖတ်ရှုမှတ်တမ်းတင်ခြင်း၊

             ( ဂ )    ကန်တွင်းသိုလှောင်ရေ နိမ့်/မြင့်မှတ်များ (Water Level Gauges)၊ နေ့စဉ်ရေလှောင် ကန်အတွင်း စီးဝင်သိုလှောင်ရေ၊ ဓာတ်အားထုတ်လုပ်ရန် ထွက်ရှိရေ၊ စိုက်ပျိုးရေး အတွက်ထုတ်ပေးရေ၊ ရေလှောင်ကန်အောက်ဖက်လိုအပ်ချက်အရ ထုတ်ပေးရေ                          ပမာဏ များ စသည်တို့ကို ဖတ်ရှုတိုင်းတာခြင်း၊ မှတ်တမ်းတင်ခြင်း၊

             (ဃ)     ဌာနမှ စီမံကိန်းကာလအတွင်း လုပ်ကိုင်ခဲ့သည့် ရေအားလျှပ်စစ်စက်ရုံများ၏ ဆက်သွယ်ချဉ်းကပ်လမ်းများ၊ စက်ရုံဝင်းဆက်သွယ်လမ်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊

             ( င )    အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး အသေးစားရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများထိန်းသိမ်းခြင်း၊

             ( စ )    အခြားအဖွဲ့အစည်းများ၏ အပ်ငွေစနစ် (Deposit Works) ဖြင့် ဆောင်ရွက်ရသော ရေအားလျှပ်စစ်လုပ်ငန်းများကို တည်ဆောက်အကောင် အထည်ဖော်ခြင်း၊

            (ဆ)     တည်ဆောက်ပြီးရေအားလျှပ်စစ်စီမံကိန်း ကြီး/ငယ်များတွင် တပ်ဆင်ထားသော ရေယူအဆောက်အအုံများ (Intake Structures)၊ ရေတံခါးများ (Water Control Gates) ထိန်သိမ်းခြင်း၊ ရေယူအဆောက်အအုံထိပ် ဒိုက်ကာဇကာများ (Trash                                  Racks)အား ထိန်းသိမ်းခြင်း၊ ရေအဝင်/အထွက် ပိတ်ဆို့မှု အဟန့်အတားများ ဖယ်ရှားထိန်းသိမ်းခြင်း၊

            ( ဇ )    အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စူးစမ်းလေ့လာတိုင်းတာခြင်း၊ မိုးလေဝသနှင့်ဇလဗေဒအချက်အလက်များ စုဆောင်းခြင်း၊ အကြိုဖြစ်မြောက်နိုင်စွမ်း/ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ များ ရေသားပြုစု                          ခြင်း၊

            ( စျ ) ရေအားလျှပ်စစ်စက်ရုံ အဆောက်အဦများအပါအဝင် ဆက်စပ်မြို့ပြ အင်ဂျင်နီယာလုပ်ငန်းများ ထိန်းသိမ်းခြင်း၊ အထူးပြင်ဆင်ခြင်း၊ သာမန်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

            (ည)    အခြားမြို့ပြဆိုင်ရာ အထွေထွေအရပ်ရပ်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊

             ( ဋ )   နှစ်စဉ်သာမန်ရသုံးမှန်းခြေစာရင်းများ ခန့်မှန်းတွက်ချက်တင်ပြ၍ ရန်ပုံငွေများရရှိရန် ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ရန်ပုံငွေများ ရရှိရန် ဆောင်ရွက်ခြင်း၊

             ( ဌ )   ဘဏ္ဍာရေးနှစ်အလိုက် အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်မည့် အစီ အစဉ်များ ရေးဆွဲတင်ပြခြင်း၊ တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်း ကြီး/ငယ် များ၏ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်ရေးဆွဲတင်ပြခြင်း၊

             ( ဍ )   လုပ်ငန်းခွင်သုံးပစ္စည်းစာရင်းများ (Material Site Accounts)၊ လက်သုံးကိရိယာ ပစ္စည်းများစာရင်း (Tools and Plants Register) ရုံးအလိုက် လစဉ်ပြုစုခြင်း၊

             ( ဎ )   လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ ဝန်ထမ်းပိုင်းဆိုင်ရာ၊ ပစ္စည်းပိုင်းဆိုင်ရာ စက်ယန္တရား/ ယာဉ်စက်ပစ္စည်းကိရိယာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ အခြေအနေပြ နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်း၊

             (ဏ)   ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေးမြင့်မားစေရန် လုပ်ငန်းအရည်အသွေး တိုးတက်စေမည့်လုပ်ငန်းခွင်အတွင်း ထိန်းသိမ်းရေးလုပ်ငန်းပညာရပ်များကိုလေ့ကျင့် ပေးခြင်း။

ဖွဲ့စည်းပုံ>>>